24.12.16
မြေအောက်ထဲမှာရှိတဲ့ မြို့ငယ်လေး Coober Pedy
Coober Pedy လို့ခေါ်တဲ့ မြေအောက်မြို့လေးဟာ သြစတြေးလျနိုင်ငံက သတ္တုတွင်း မြို့တစ်မြို့
လည်းဖြစ်ပါတယ်။ ဒါပေမယ့်ထိုမြို့မှာရှိတဲ့ အိမ်ေ ခြပါင်း၁၆၉၅စုတို့ဟာ မြေအောက်မှာပဲ
နေထိုင်ကြပါတယ်တဲ့။
အဲဒီလိုနေထိုင်ရတဲ့ အကြောင်းအရင်းကတော့ ထိုဒေသ က ရာသီဥတု အခြေအနေဟာ အရမ်း ပူလွန်းတဲ့အတွက် မြေပြင်ပေါ်မှာ ကြာကြာနေဖို့ ခက်ခဲလို့ပဲဖြစ်ပါတယ်။
အစပိုင်းမှာတော့ သင်ဟာ Coober Pedy မြို့ကို သရဲခြောက်တဲ့ မြို့ကြီး အဖြစ်မြင်မိသွားမှာပါ။ သဲ ကန္တာရ ကြားမှာ တည်ရှိပြီး ခေတ်မီသူတွေ ဖွံဖြိုးတိုးတက်သူတွေမရှိဘူးလို့ထင်သွားမှာပါ။
ဒါပေမယ့်လည်း Coober Pedy မြှို့မှာတော့ လူဦးရေ ၁၅၀၀ မက အခြေချနေထိုင်နေပြီး အခြားမြို့တွေလိုပဲ Church ဘုရားရှိခိုးကျောင်းတွေ၊ စားသောက်ဆိုင်တွေနဲ့ ဟိုတယ် တွေလည်း
မြေပြင်အောက် ပေ ၁၀၀ အကွာမှာ ဖွင့်လှစ်ထားပါတယ်။
ထို မြေအောက်မြို့ကတော့ သြစတြေးလျနိုင်ငံ ၊ Adelaide မြို့ရဲ့ မြောက်ဘက် ၅၂၅ မိုင် အကွာမှာ တည်ရှိပါတယ်။
Coober Pedy ဆိုတဲ့ နာမည်ဟာ သြစတြေးလျ ရိုးရာ ဘာသာစကားတစ်မျိုးကို အခြေခံထားတာဖြစ်ပြီး အဓိပ္ပာယ်ကတော့ လူဖြူတစ်ယောက်ရဲ့ တွင်း လို့ အမည်ရပါတယ်။ ဆိုင်အချို့နဲ့ စားသောက်ဆိုင် အချို့ကတော့ မြေပြင်ပေါ်မှာတည်ရှိနေသေးပြီး ထိုမြို့ရဲ့ မြေပြင်အပူချိန်ဟာ နွေရာသီမှာဆိုရင် ၄၀ ဒီဂရီ ဖာရင်ဟိုက် အထိ အပူချိန်ရှိတယ်လို့ သိရပါတယ်။
အမျိုးအစား>>>
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment