2.1.17

2017 မှာပင် ဂြိုဟ်သိမ်များတိုက်မှုကြောင့် ကမ္ဘာကြီးပျက်စီးလိမ့်မည်ဟုခန့်မှန်းတဲ့သိပ္ပံပညာရှင်







လွန်ခဲ့တဲ့ လလောက်ကပင် သိပ္ပံပညာရှင်များနဲ့ အာကာသပညာရှင်တွေက ကမ္ဘာကြီးပျက်စီးဖို့ မဝေးတော့ဘူးလို့ ညီညီညာညာ ဟောကိန်း ထုတ်ခဲ့ကြပါတယ်။ 1997 ခုနှစ်လောက်ကတည်းက ကမ္ဘာကြီး ပျက်စီးလိမ့်မယ်ဆိုတဲ့ ဟောကိန်းတွေဟာ ရေပန်းစားခဲ့ပြီး အခုအချိန်ထိတော့ မှန်ကန်မှုမရှိကြသေးပါဘူး။

ယခုလည်း သိပ္ပံပညာရှင်အချို့က 2017 ခုနှစ်ဟာ ကမ္ဘာပျက်ကိန်း ကြုံရမယ့် နှစ်ဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။ 2017 ခုနှစ် အစောပိုင်းမှာ ရဲရင့်စွာထွက်ပေါ်လာတဲ့ ဒီသတင်းကတော့ လူတော်တော်များများကို စိတ်ဝင်စားစေခဲ့ပါတယ်။ ယ
ခင်က ဒီလို ဟောကိန်းမျိုးဆိုတာ နှစ်တော်တော်ကြာတဲ့ အချိန်ကို လှမ်းပြီး ခန့်မှန်းကြတာမျိုး ဖြစ်ပါတယ်။ အခုလို လက်ရှိအချိန်ကို အနီးစပ်ဆုံး ခန့်မှန်းမှုကတော့ သမိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။



သိပ္ပံပညာရှင် David Meade က 2017 မှာ ကမ္ဘာကြီးကို ပျက်စီးစေမယ့် နေအဖွဲ့အစည်းအတွင်းမှာ ဂြိုဟ်တွေ နက္ခတ္တတာရာတွေ မရေမတွက်နိုင်အောင် ပါဝင်လာမှာဖြစ်ပြီး၊ မြင်ဖို့ရန်လည်း ခဲယဉ်းမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ အဆိုပါ
ဂြိုဟ်တွေထဲမှာ Planet X သို့မဟုတ် Nibiru လို့ အမည်ပေးထားတဲ့ ဂြိုဟ်သိမ်လည်း ပါဝင်လာမှာဖြစ်ပြီး၊ ကမ္ဘာမြေကြီးနဲ့ တည့်တည့်တိုက်မိကာ ကမ္ဘာကြီးကို စတင်ဖျက်ဆီးလိမ့်မယ်လို့ David က ဆိုပါတယ်။



ဒီလို ကမ္ဘာကြီးကို အခြား ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကပါ ၀င်ရောက်တိုက်မိမှာ ဖြစ်တယ်လို့လည်း ဟောတမ်းမှာ ဆိုထားပြီး၊ အရေအတွက်အားဖြင့် မခန့်မှန်းနိုင်အောင် များပြားလိမ့်မယ်လို့ သိရပါတယ်။ David က Planet X – The 2017 Arrival စာအုပ်ကို လောလောဆယ် ရေးသားထားသူ ဖြစ်ပြီး အဲဒီစာအုပ်ထဲမှာလည်း ကမ္ဘာကြီးပျက်စီးမည့်အအချိန်ဟာ ယခုနှစ် 2017 လို့ ရေးသားထားပါတယ်။

၎င်းစာအုပ်ထဲမှာ အလွန်ကြီးမားတဲ့ ဂြိုဟ်သိမ်(7)ဟာ လမ်းကြောင်းပြောင်းကာ ကမ္ဘာမြေကို လာရောက်တိုက်မိမှာ ဖြစ်ပြီး၊ ကြီးမားတဲ့ ပေါက်ကွဲမှုတွေနဲ့အတူ ကမ္ဘာကြီးက မီးလောင် ပျက်စီးသွားမယ်လို့ ဆိုထားပါတယ်။ ၎င်းဂြိုဟ်သိမ်တွေထဲမှာ တစ်ချို့ဟာ ကမ္ဘာကြီးထက်တောင် အရွယ်အစား ကြီးမားနိုင်ကြောင်း ရေးသားထားပါတယ်။ ၎င်းဂြိုဟ်တွေဟာ တောင်မှ မြောက်သို့ ဥဒဟို အရှိန်ပြင်းစွာ ပျံသန်းသွားနေမှာမို့ ကမ္ဘာကြီးအတွက် လွတ်ဖို့လမ်းမရှိဘူးလို့လည်း အတိအကျ ပြောထားပါတယ်။


ဒီဖြစ်စဉ်ကြီးတွေကြောင့် ကမ္ဘာကြီးဟာ မျှော်မှန်းမထားနိုင်တဲ့ ငလျှင်ကြီးတွေ၊ အလွန်ဆိုးဝါးလှတဲ့ သဘာဝဘေးအန္တရာယ်
ကြီးတွေလည်း ရက်ရှည်ကျရောက်ဖို့ ရှိတယ်လို့ ဆိုထားပါတယ်။ မီးတောင်ကြီး အလုံး 40 လည်း အဲဒီအချိန်မှာ တစ်ပြိုင်
နက်တည်း ပေါက်ကွဲမှာ ဖြစ်ပြီး၊ ကမ္ဘာကြီးအတွက်တော့ မည်သည့်မျှော်လင့်ချက်မှ မရှိဘူးလို့လည်း အခိုင်အမာ ရေးသားထားပါတယ်။

No comments:

Post a Comment