4.1.17

Firewall လုံခြုံရေးအကြောင်း


တစ်ကယ်လို့သာ သင်ဟာ အင်တာနက်နဲ့ချိတ်ဆက်ပြီးသုံးစွဲနေတဲ့ ကုမ္ပဏီကြီးတွေ ၊ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ဖူး လျှင် firewall ဆိုတာကိုကြားဖူးမယ်လို့ထင်ပါတယ်...ဥပမာ..သင့်သူငယ်ချင်းမိတ်ဆွေတွေက " ငါတော့ဒီ site ကို သုံးချင်တာ friewall ကခွင့်မပြုဘူးကွာ (သို့) firewall ကပိတ်ထားတယ်ကွာ " လို့ပြောသံဆိုသံတွေကို ခဏခဏ ကြားဖူးမယ်လို့ထင်ပါတယ်...သင်ချိတ်ဆက်ထားတဲ့ အင်တာနက်ကွန်နက်ရှင်က ကောင်းမွန်နေမယ်ဆိုရင် firewall အကြောင်းကိုသင်ကိုယ်တိုင် ရှာဖွေလေ့လာနိုင်မှာဖြစ်ပါတယ်....သေးငယ်တဲ့ ကွန်ယက်တွေရဲ့လုံခြုံရေးနဲ့ ကြီးမား ကျယ်ပျံတဲ့ကွန်ယက်တွေရဲ့လုံခြုံရေးအယူအဆဟာအတူတူပဲ ဖြစ်ပါတယ်....ဒါ့ကြောင့် သင့်ရဲ့ကွန်ယက်ဟာ သေး ငယ်နေသော်လည်း hacker တွေရဲ့ရန် ၊ ဒါမှမဟုတ် website တွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်နိုင်ဖို့ firewall ကိုသုံးစွဲသင့်ပါတယ်.....

တစ်ကယ်တော့ firewall ဆိုတာ software program တစ်ခု ဒါမှမဟုတ် hardware အစိတ်အပိုင်းတစ်ခုလို့ ဆိုနိုင်မှာဖြစ်ပါတယ်...သူဟာ အင်တာနက်ကနေတစ်ဆင့် ကိုယ့်ရဲ့ကွန်ပျူတာထဲကို ၀င်ရောက်လာမဲ့ (သို့) ၀င်ရောက် ဖို့ကြိုးစားနေတဲ့ hacker တွေ ၊ virus တွေ ၊ worm တွေကိုမ၀င်လာနိုင်အောင် တားဆီးပေးမှာပဲဖြစ် ပါတယ်..

သင့်ဆိုင် (ဒါမှမဟုတ်) လုပ်ငန်းခွင်မှာ ကွန်ပျူတာ (၁)လုံးရှိမယ်ဆိုရင် ပထမဆုံး အရေးကြီးတဲ့အချက်အနေနဲ့ သင့်ရဲ့ကွန်ပျူတာမှာ firewall ကို " on " ထားရမှာပဲဖြစ်ပါတယ်....

Windows7, Windows Vista, Windows XP SP2 နဲ့ နောက်ပိုင်းထွက်တဲ့ ပိုမိုမြင့်မားတဲ့ OS တွေမှာ တော့ firewall ကို " on " ပေးထားပြီးသားဖြစ်ပါတယ်.....

သင်ဟာ ကွန်ပျူတာကို (၁)လုံးထက်ပိုပြီးချိတ်ဆက်တော့မယ်ဆိုရင် ကွန်ပျူတာ (၁)လုံးချင်းစီရဲ့ လုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့အရေးကြီးလာပြီဖြစ်ပါတယ်......သင်ဟာသင့်ရဲ့ Network ကိုကာကွယ်နိုင်ဖို့ router လိုမျိုး hardware firewall နဲ့ Network အတွင်း virus တွေပျံနှံခြင်းမရှိအောင် software firewall ကို အသုံး ပြုသင့်ပါတယ်....ဒါမှသာ သင့် Network အတွင်းမှာရှိတဲ့ ကွန်ပျူတာတွေရဲ့ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်း နိုင်မှာပဲဖြစ်ပါတယ်...



Firewall ရဲ့မူလအဓိပါယ်ကို ပြောကြည့်ရင်တော့ ပျံနှံနေတဲ့မီးတောက်လိုအရာမျိုးကို ခုခံကာကွယ် တားဆီးခြင်းလို့ ဖွင့်ဆိုကြပါတယ်.....အခု IT ခေတ်မှာတော့ firewall ကို network device တစ်ခုအနေနဲ့ ခေါ်ဝေါ်သုံးစွဲနေကြ ပြီး Network ထဲကိုဝင်လာမဲ့ အတားအဆီး အနှောက်အယှက်မှန်သမျှကို ပိတ်ဆို့ ခုခံ တားဆီးပေးတဲ့အရာလို့လဲ ခေါ်ဝေါ်နိုင်ပါတယ်....ယေဘူယျပြောကြတာကတော့ firewall ဆိုတာ ကွန်ပျူတာထဲကို ၀င်လာရောက်လာနိုင်တဲ့ attack တွေကိုပိတ်ဆို့တားဆီးပေးခြင်းလို့ပြောကြပါတယ်...

Firewall တွေမှာ Packet filtering firewall, Stateful firewall, Deep packet inspection firewall, Application-aware firewall, Application proxy firewall ဆိုပြီးအမျိုးအစားအများအပြား ရှိပါတယ်.....packet filtering firewall ဆိုတာကတော့ သူဟာ IP protocol, IP address နဲ့ port number တွေကို အခြေခံပြီးပိတ်ဆို့တားဆီးပေးတာဖြစ်ပါတယ်....Stateful firewall ကတော့ Packet filtering firewall နဲ့လုပ်ဆောင်ပုံခြင်း တူညီပါတယ်..ဒါပေမဲ့ သူကပိုကောင်းပါတယ်....ဘာပိုကောင်းလဲဆိုတာက တော့ Network အတွင်းမှာရှိတဲ့ ခွင့်ပြုထားတဲ့ packet တွေ ဖြစ်မှသာ Network ရဲ့အပြင်မှာရှိတဲ့ တစ်ခြားကွန်ပျူ တာတွေနဲ့ ချိတ်ဆက်ရနိုင်မှာဖြစ်ပါတယ်....Deep packet inspection firewall ကတော့ packet ထဲမှာ ပါတဲ့ data တွေကို စနစ်တကျသေသေချာချာစစ်ဆေးပြီး application layer ကနေ attack တွေကိုကြည့် နိုင်ပါတယ်... Application-aware firewall ကတော့ အမှန်တကယ် attack ဖြစ် ကြောင်းကို တိကျတဲ့ Rule တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖေါ်ပြပေးပါတယ်.... Application proxy firewall ကတော့ protocol တွေကို သေသေချာချာစစ်ဆေးပြီး တရားမ၀င်တဲ့ protocol တွေကို တားဆီး ပိတ်ဆို့ပေးပါတယ်....

ဒါ့ကြောင့်သူငယ်ချင်းတို့အနေနဲ့ သူငယ်ချင်းတို့ရဲ့ Network တွေလုပ်ခြုံစိတ်ချနေစေဖို့အတွက် firewall လုံခြုံရေးအကြောင်းကို အမြဲမပြတ် ရှာဖွေလေ့လာနေရန်လိုအပ်ကြောင် အကြံပြုပြောကြားပါရစေနော်....


Ref:  http://www.myanmarfamily.org/forum/showthread.php?t=26858

No comments:

Post a Comment