2.1.17
ခန္ဓာကိုယ်ရဲ့ ကိုယ်ပိုင်စွမ်းအင်ကိုသုံးပြီး အချိန်၊နေရာမရွေး ဖုန်းအားသွင်းနိုင်တဲ့ကိရိယာ
ဖုန်းအားကုန်တဲ့ အချိန်မှာ မီးပြတ်နေတာ၊လျှပ်စစ်မီးမရတဲ့ နေရာကို ရောက်နေ လို့ စိတ်ညစ်ရတဲ့ ဒုက္ခတွေကနေ ကယ်တင်ပေးနိုင်မယ့် ပစ္စည်းတစ်ခု ထွက်ပေါ် လာပါပြီ။အဲ့ဒါကတော့ HandEnergy ဆိုတဲ့ ပန်းသီးအရွယ်အ စားလောက် သာရှိတဲ့ device ပါ။လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ပိုင်စွမ်းအင်ကို အသုံးပြုပြီး အားသွင်းပေးမှာ ဖြစ်တာကြောင့် အသုံးပြုသူအနေနဲ့ ဘယ်အချိန်၊ဘယ်နေရာမှာ မဆို အချိန်နေရာမရွေး ဖုန်းအားသွင်းနိုင်တော့မှာပါ။
ဖုန်းအားကုန်လွယ်တဲ့ ပြသာနာကို ဖြေရှင်းနိုင်ဖို့ လက်တလောဈေးကွက် ထဲမှာနေရာယူနေတဲ့ ပစ္စည်းတွေကတော့ power-banks နဲ့ solar-power devices တွေပါ။၎င်းတို့ရဲ့ အားနည်းချက်တွေကတော့ power-banks ဆိုရင် သူ့ကိုအရင်အားသွင်းပေးဖို့ လိုအပ်ပါတယ်။solar-power devices တွေဆို ရင်လည်း အရင်ဆုံး သူ့အတွက် ဆိုလာပြားတွေနဲ့ ဆိုလာစွမ်းအင်တွေ လိုအပ် ပါတယ်။ HandEnergy ဆိုတဲ့ device ကတော့ အဲ့ဒါတွေ လုံးဝမလိုပါဘူး။ အထဲမှာ ဘက်ထရီတွေသိုလှောင်ထားပြီး အသုံးပြုသူအနေနဲ့ လုပ်ပေးရမှာ တစ်ခုကတော့ အဲ့ဒီပစ္စည်းကို လက်ထဲမှာကိုင်ပြီး လက်ကောက်ဝတ်ကို လှည့်ပေးရုံပါပဲ။
ဖန်တီးနိုင်ဖို့အတွက်နဲ့သင့်တော်တဲ့ပစ္စည်းတွေကို ရရှိနိုင်ဖို့အတွက်တစ်နှစ်ေ လာက် အချိန်ယူခဲ့ရတယ်လို့ ဖန်တီးသူ Alex Novik ကပြောပါတယ်။ HandEnergy ထဲမှာရှိတဲ့ ရိုတာ(ဒလက်)ဟာတစ်မိနစ်မှာ ပျှမ်းမျှအ ကြိမ်ရေ(၅၀၀၀)လှည့်ပတ်ပါတယ်။mechanical power ကို လျှပ်စီးကြောင်း တစ်ခုအဖြစ်ဖန်တီးပြီး၊အထဲမှာရှိတဲ့ ဘက်ထရီတွေကို အားသွင်းပေးတာဖြစ် ပါတယ်။ဖုန်းအားသွင်းဖို့အတွက်တော့ USB ကြိုးလိုပါတယ်။
သိုလှောင်နိုင်တဲ့ ဘက်ထရီစွမ်းအင်ပမာဏကတော့ (1,000mAh)ဖြစ် ပါတယ်။လက်တလောမှာတော့ Kickstarter ၀က်ဘ်ဆိုက်မှာ ရန်ပုံငွေ လှုံ့ဆော် စည်းရုံးမှုတွေလုပ်နေပြီး၊တစ်လအတွင်းမှာပဲ အမေရိကန်ဒေါ်လာ (၇၁,၀၀၀)ကျော် အထိရခဲ့ပါတယ်။လာမယ့် မတ်လလောက်မှာတော့ ထုတ်လုပ်ရောင်းချနိုင်မယ်လို့ မျှော်လင့်ရပြီး၊ဈေးနှုန်းကတော့ ယူရိုငွေ(၉၉) ၊ဒေါ်လာနဲ့ဆိုရင်တော့ (၁၀၄)ဒေါ်လာလောက်ကျ သင့်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။
အမျိုးအစား>>>
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment