4.1.17

ကွန်ပြူတာနည်းပညာအကြောင်း တစေ့တစောင်း


ယနေ.ခေတ်မာတော့ ကျနော်တို.ပတ်ဝန်းကျင်မာ ကွန်ပြူတာဟာ နေ၇ာတိုင်းမာ ရှိနေပြီလို.ပြောမယ်ဆို၇င် မှားမယ်မထင်ပါဘူး။ (အထူးသဖြင့် တိုးတက်တဲ့ နိုင်ငံတွေမာပေါ့)
ကျနော်တို.အများစုက email မရှိ၇င် ဘာလုပ်၇မလဲဆိုတာကို မစဉ်းစားတတ်လောက်အောင် ဖြစ်နေတတ်တဲ့ အချိန်ပါ။ဒီအတွက် ကျနော်တို.ဟာ computer literate လို.ခေါ်တဲ့ ကွန်ပြူတာကို ၇င်းနှီးတတ်ကျွမ်းသူ ဖြစ်ဖို.လိုအပ်ပါတယ်။
Computer literate ဆိုတာကတော့ ကွန်ပြူတာ (စကားလုံး၊အသုံးအနှုန်း၊ အမည်နာမ၊ လုပ်ဆောင်ချက်၊ ….)စတာတွေနဲ. ၇င်းနှီးကျွမ်းဝင်ပြီး အဲဒါတွေကို အသုံးပြုတတ်သူ လို. ပြောလို.၇မယ်ထင်ပါတယ်။
ကွန်ပြူတာအစိတ်အပိုင်းတွေကို သိရုံနဲ. Computer literate လို. မခေါ်နိုင်ပါဘူး။
ဒါပေမယ့် computer literate တယောက်ဖြစ်ဖို.က သင့်မာ ဘွဲ.တွေမလိုပါဘူး။ program တွေေ၇းတတ်ဖို.မလိုသလို ကွန်ပြူတာကို ပြုပြင်တတ်ဖို၊ တပ်ဆင်တတ်ဖို.လဲ မလိုပါဘူး။လူတိုင်းဟာ computer literate ဖြစ်နိုင်ပါတယ်။

Computer literate ဖြစ်ခြင်းအားဖြင့်
1. Avoid hackers and viruses
Hackers နဲ. Viruses တွေကို သိလာမယ်။သူတို.တွေ၇ဲ. ဆိုးကျိုးတွေကို နားလည်လာခြင်းအားဖြင့် ရှောင်တတ်လာမယ်။

2. Protect your privacy
Identity theft ဆိုတဲ့ သူတစ်ပါး၇ဲ.သတင်းအချက်အလက် (ငွေ၊ဘဏ်၊အကြွေးဝယ်ကဒ်၊ဖုန်း၊ လိပ်စာ၊အမည်၊…) တွေကို ခိုးယူသူတွေ၇ဲ. ၇န်ကနေ ရှောင်တတ်လာမယ်။

3. Understand real risks
တကယ်ကြောက်စ၇ာကောင်းတဲ့ အန္တ၇ာယ်နဲ. စိတ်ပူစ၇ာမလိုတဲ့ဟာတွေကို နားလည်ခွဲခြားတတ်လာမယ်။
ဥပမာ cookie ဆိုတာကို သင်နားလည်ပါသလား။(မုန်.မဟုတ်ပါ)firewall ကော? သိပါသလား? တကယ်လိုအပ်သလား?

4. Use internet and web wisely
အင်တာနက်ကို အကျိုးရှိစွာ သုံးတတ်လာမယ်။ အင်တာနက်မာ သတင်းအချက်အလက်တွေကို ရှာတာနဲ. ကိုယ်လိုချင်တဲ့ သတင်းအချက်အလက်တွေကို ရှာတတ်တာ မတူပါဘူး။

5. Avoid online annoyances
ကွန်ပြူတာကိုအသုံးပြုတဲ့အခါ အနှောင့်အယှက် စိတ်ရှုပ်စ၇ာတွေ အင်တာနက်ကနေတဆင့်ေ၇ာက်လာတတ်ပါတယ်။
ဥပမာ - အီးမေးလ်တွေမာ junk mail or spam တွေေ၇ာက်လာသလိုပေါ့။ spam တွေကနေ ဘယ်လိုရှောင်နိုင်မလဲ။ adware , spyware ဆိုတာတွေကဘာလဲ။ သူတို.နဲ. viruses, worms, Trojan horses တွေနဲ. ဘာကွာလဲ။software program ဆိုတာေ၇ာ ဘာလဲ ။ဆိုတာတွေကို သိရှိလာမယ်။

6. Able to maintain , upgrade, troubleshoot computer
ဘယ်လို computer memory ကို upgrade ၇မယ်ဆိုတာသိလာမယ် RAM, CPU, MB, GB, GHz, cache ဆိုတာတွေေ၇ာ ဘာလဲဆိုတာ သိလာမယ်။

တချို.နိုင်ငံတွေမာ ကွန်ပြူတာနဲ.မပတ်သက်တဲ့အလုပ်ဆိုတာ မရှိသလောက်ဖြစ်နေပါပြီ။ data (စာ၇င်းဇယားနဲ.ဆိုတဲ့ ကုန်ပစ္စည်းဆိုင်၇ာ) , business ( စီးပွားေ၇းပိုင်းဆိုင်၇ာ), arts ( ink, paints) ပန်းချီပန်းပုဆိုင်၇ာ, video game (ဂိမ်းပိုင်းဆိုင်၇ာ) , education (ပညာေ၇းပိုင်းဆိုင်၇ာ), law enforcement (တ၇ားဥပဒေပိုင်းဆိုင်၇ာ), military ( စစ်တပ်ပိုင်းဆိုင်၇ာ), automotive (ယာဉ်ပိုင်းဆိုင်၇ာ) , agriculture ( စက်မှုလယ်ယာပိုင်းဆိုင်၇ာ), medicine (ဆေးပိုင်းဆိုင်၇ာ), science (သိပ္ပံပိုင်းဆိုင်၇ာ), psychology (စိတ်ပိုင်းဆိုင်၇ာ),…… နောက်ထပ် နေ၇ာတွေအများကြီးမာ ကွန်ပြူတာနဲ.ပဲ အလုပ်လုပ်နေကြပြီး ကွန်ပြူတာမသုံးတတ်၇င် အလုပ်မ၇တဲ့ အခြေအနေမျိုး ဖြစ်နေပါပြီ။


အပေါ်မာ ကျနော်တို.ပြောခဲ့တာတွေကို ကြည့်ခြင်းအားဖြင့် computer literate ဖြစ်ဖို.ဆိုတာဟာ အေ၇းကြီးတယ်ဆိုတာကို တွေ.နိုင်ပါတယ်။ဟုတ်ပြီ - ဒါဆို ဘယ်ကစ၇မလဲ?
ကျနော်တို. ကွန်ပြူတာနဲ.ပတ်သက်ပြီးတော့ အနည်းနဲ.အများတော့ သိထားကြပြီဖြစ်ပါလိမ့်မယ်။
အနည်းဆုံး ကွန်ပြူတာကို ဘယ်လိုဖွင့်တယ်၊ search engine ကို ဘယ်လိုသုံးတယ်၊ email ဘယ်လိုပို.တယ်ဆိုတာလေးတွေကို သိနေကြပါတယ်။မည်သို.ပင်ဆိုစေကာမူ ကျနော်တို.အနေနဲ. ကွန်ပြူတာကို သုံးဖူးပေမယ့်လို. ကွန်ပြူတာဘယ်လို အလုပ်လုပ်တယ်ဆိုတာကို သေချာသိပါသလား၊ ကွန်ပြူတာ၇ဲ. အစိတ်အပိုင်းတွေကို သိပါ၇ဲ.လား၊ အဲဒီအစိတ်အပိုင်းတွေက ဘာတွေလုပ်ပါသလဲ ဆိုတာတွေကိုေ၇ာ သိပါသလား၊ ကျနော်တို. ကွန်ပြူတာက ဘယ်တွေကိုလုပ်တယ်ဆိုတာလေးတွေ၊ နောက် အသုံးဝင်တဲ့စက်ပစ္စည်းဖြစ်ဖို. ဘယ်လိုလုပ်ဆောင်တယ်ဆိုတာလေးတွေကို ဆွေးနွေးကြည်.ကြ၇အောင်……..။

Computer

Computer ဆိုတာ data လို.ခေါ်တဲ့ အချက်အလက်တွေကို process ( အဆင့်ဆင့် လုပ်ဆောင်) တဲ့ machine (စက်ပစ္စည်း) တစ်ခုပါ။ သူက လုပ်ဆောင်ချက် ၄ ခုကို လုပ်ဆောင်ပါတယ်။

၁။ gathers data (inputs)
အချက်အလက်တွေကို စုစည်းပါတယ်။ ကျနော်တို. အသုံးပြုသူတွေကို အချက်အလက်တွေကို ထဲ့သွင်းခွင့်ပြုတာပါ။

၂။ processes data
Process = a series of actions, developments , or changes (longman dic)
= တိုးတက်မှု ၊ လုပ်ငန်းစဉ် ၊ အပြောင်းအလဲ
ဒီအဆင့်မာတော့ သူက data တွေကို information ဖြစ်အောင် Process လုပ်ပါတယ်။
Data နဲ. Information ကို အောက်မာ ထပ်ရှင်းပါ့မယ်။

၃။ outputs data and information
ဒီ data နဲ. Information တွေကို monitor ၊ printer စတာတွေမာ ထုတ်၊ပြ ပေးတာပါ။

၎။ stores data and information
ဒီမာတော့ ခုနကလို outputs လုပ်ပေးတဲ့အစား သိမ်းပေးထားပါတယ်။



Data and Information

ကွန်ပြူတာဝေါဟာ၇မာ data နဲ. Information ဟာ မတူပါဘူး။ စကားပြော၇ာမာတော့ တခါတခါ အတူတူအဖြစ် ပြောဖြစ်တတ်ကြပါတယ်။

Data = a fact (ဖြစ်၇ပ်) ၊ a figure ( ပုံ)၊ or an idea ( အကြံ) တို.ကို ကိုယ်စားပြုတာကို data လို.ခေါ်ပါတယ်။data ဟာ နံပါတ် (a number) ၊စကားလုံးတစ်လုံး (a word) ၊ ပုံတစ်ပုံ ( a picture)
ဒါမှမဟုတ် အသံသွင်းထားတဲ့အသံ ( recorded sound) စတာတွေ ဖြစ်နိုင်ပါတယ်။
ဥပမာ -
123456 (a number) , Zo ( a word or name) , John ( a word), စတာတွေဟာ data တွေဖြစ်ပါတယ်။ ဒီdata တစ်ခုချင်းစီဟာ အဓိပါယ်လို၇င်းက တမျိုးစီနဲ. ဖြစ်နေတတ်ပါလိမ့်မယ်။

Information
Data ကို စနစ်တကျ စီစဉ်ထားပြီး အဓိပါယ်ရှိတဲ့ပုံစံအနေနဲ. ဖော်ပြထားတာကို information လို.ခေါ်ပါတယ်။
ဥပမာ -
Zo John ကို ဖုန်းနံပါတ် 123456 ကနေ ဆက်သွယ်လို.၇ပါတယ်လို. data တွေ အစီအစဥင်္အလိုက် စုစည်းပြီး လုပ်ထားတာမျိုး။အဲလိုမျိုးမာ data ဟာ information ဖြစ်သွားပါတယ်။



ကျနော်တို. ကွန်ပြူတာ၇ဲ.အဓိက လုပ်ဆောင်ချက်တစ်ခုဖြစ်တဲ့ data တွေကို information အဖြစ် ပြောင်းလဲတာကို ပြောခဲ့ပြီးပါပြီ။ ကျနော်တို. ပြောခဲ့တာတွေကို recall လုပ်ဖို.အတွက် ဥပမာလေးတစ်ခုနဲ. ပြောကြည့်၇အောင်။

ကျနော်တို. နိုင်ငံသားစိစစ်ေ၇းကတ်ပြားကို လုပ်တဲ့အခါကျ၇င် ကောင်တာမာပဲဖြစ်ဖြစ် စာေ၇း(သို.) တာဝန်ရှိသူထံမာ data တွေဖြစ်တဲ့ အမည်၊ လိပ်စာ၊ အသက်၊ အလုပ်အကိုင်၊ စတာတွေသာမက ဓါတ်ပုံပါရိုက်လို.  Data တွေ ပေး၇ပါတယ်။ အဲဒီ data တွေအားလုံးဟာ ကွန်ပြူတာကနေပြီးတော့ information အဖြစ်ပြောင်းလဲပြီးတဲ့အခါ အသုံးဝင်တဲ့ နိုင်ငံသားစိစစ်ေ၇းကတ်ပြားကို ထုတ်ပေး လို.၇တာပါ။ ပြိးတော့ အဲဒီ information ဟာလဲ ကွန်ပြူတာထဲမာ သိမ်းထားပေးပါသေးတယ်။ ဒီနေ၇ာမာ ကျနော်တို. ကွန်ပြူတာ၇ဲ. လုပ်ဆောင်ချက် ၄မျိုးလုံး (input, process, output, store) ကို သုံးထားတယ်ဆိုတာကို တွေ.နိုင်ပါတယ်။


The language of computers ( Bits and Bytes)


How do computers process data into information

ကွန်ပြူတာတွေဟာ လူတွေနဲ.မတူပါဘူး။သူ.မာ ဘာသာစကားတစ်ခုပဲရှိပြီးတော့ သူကနံပါတ်တွေနဲ.ပဲ အလုပ်လုပ်ပါတယ်။ data ကို information အဖြစ်ပြောင်း၇ာမာ ကွန်ပြူတာဟာ သူနားလည်တဲ့ ဘာသာစကားနဲ. အလုပ်လုပ်ပါတယ်။ အဲဒီဘာသာစကားကို binary language လို.ခေါ်ပါတယ်။ binary language မာ ကကြီး၊ခကွေး စတဲ့ အက္ခ၇ာတွေမပါတဲ့အပြင် သူ.မာ သုည (၀) နဲ. တစ် (၁) သချာင်္ဂဏန်း ၂ လုံးပဲပါပါတယ်။အဲဒီ ၀ နဲ. ၁ ၂ခုပေါင်းမဟုတ်ပဲ တစ်ခုချင်းစီကို binary digit (အတိုကောက် bit) လို. ခေါ်ပါတယ်။ bits ပေါင်း ၈ ခုပါတဲ့အတွဲတစ်တွဲကို byte လို. ခေါ်ပါတယ်။ ဘာဖြစ်လို. ၈ခုပါတဲ့အတွဲကျမှ ဒီနာမည်လာပေး၇လဲဆိုတော့ ကျနော်တို. ကွန်ပြူတာမာ ရိုက်ထည်.သမျှ a , b , c, 1 ,2 ,@, &, (words, numbers, special characters) တွေအားလုံးဟာ bitsပေါင်း၈ခုပါတဲ့ byte (or) bits အတွဲဖြစ်လို.ပါပဲ။

ဥပမာအားဖြင့် - ကျနော်တို. ကီးဘုတ်ကနေ k လို.ရိုက်လိုက်တဲ့အခါမာ ကွန်ပြူတာက k လို. မသိပဲ01001011 အနေနဲ.ပဲ သိတာပါ။

Quote:
ကျနော်တို.ပြန်ကြည်.၇အောင်။ ကွန်ပြူတာက data ကနေ information ဖြစ်ဖို.အတွက် သူနားလည်တဲ့ဘာသာစကားကို သုံး၇ပါတယ်။အဲဒီဘာသာကို binary language လို.ခေါ်ပါတယ်။ သူ.မာ ၀ နဲ. ၁ ဂဏန်း ၂လုံးပဲပါပြီး အဲဒီ ၀ (သို.) ၁ ကို binary digit (bit) လို. ခေါ်ပါတယ်။ bits ပေါင်း ၈ခုကိုပေါင်းထားတဲ့ အတွဲကို byte လို.ခေါ်ပြီး ကီးဘုတ်ပေါ်က စာလုံး၊နံပါတ် တွေဟာ byte တစ်ခုစီနဲ. ညီမျှပါတယ်။
Bits and bytes အသုံး

Bits and bytes တွေဟာ ကွန်ပြူတာကို ဘာလုပ်ပါလို.ပြောတဲ့ ဘာသာစကားတင်မဟုတ်ပဲ ကွန်ပြူတာက inputs and outputs လုပ်တဲ့ data နဲ. Information တွေကိုလဲ ကိုယ်စားပြုပါတယ်။
ဆိုလိုတာက ကျနော်တို. မော်နီတာပေါ်မာ မြင်နေ၇တဲ့ Microsoft word fileတွေ ၊ ဓါတ်ပုံတွေသာမက software တွေကိုလဲ ကွန်ပြူတာကနေ ဓါတ်ပုံတွေအဖြစ်မြင်၇တာ မဟုတ်ပဲ bits နဲ. Bytes အတွဲလိုက်ကြီးတွေအဖြစ် မြင်တာပါ။အဲဒီ ဖိုင်တွေဟာ တော်တော်ကြီးမားလို. ထောင်၊သောင်း၊သိန်း၊သန်း အထိ bytes တွေပါတတ်ပါတယ်။
ကြီးလွန်းလို.ေ၇တွက် ခေါ်ဆို၇တာလွယ်အောင် byte ထက် အရွယ်အစားပိုကြီးတဲ့ အေ၇အတွက်ကို ခေါ်ဆို၇ည်ညွန်းတဲ့ အမည်တွေကို ပေး၇ပါတယ်။ကျနော်တို. ကြားဖူး မြင်ဖူးနေကျတွေပါ။
KB, MB, GB, စတာတွေပါပဲ။


Byte (B) 1 byte
စကားလုံးတစ်လုံး အတွက်ပါပဲ။

Kilobyte (KB) 1024 bytes
သူ.ကျတော့ စာလုံးပေါင်း ၁၀၂၄ ဒါမှမဟုတ် word လိုမျိုးမာ ရိုက်နိပ်ထားတဲ့ စာမျက်နှာတစ်ဝက်စာ စာတွေအထိ ဆန်.ပါတယ်။

Megabyte (MB) 1,048,576 bytes
ဟော သူ.ကျတော့ အဲလိုရိုက်ထားတဲ့ စာမျက်နှာပေါင်း ၇၆၈ အထိလောက်ကို ဆန်.ပါတယ်။

Gigabyte (GB) 1,073,741,824 bytes
ဒီမာကျတော့ ပျမ်းမျှအားဖြင့် စာမျက်နှာပေါင်း ၇၈၆၄၃၂ ဆန်.ပါတယ်။ ကျနော်တို. စာ၇ွက်ပေါင်း၅၀ကို ထပ်လိုက်၇င် အမြင့်ဟာ ၂လက်မလောက်ရှိပါတယ်။ အဲလိုတွက်မယ်ဆို၇င် 1GB မာ ပေပေါင်း ၂၆၂ ပေမြင့်တဲ့ စာရိုက်ထားတဲ့ စာရွက်အတွက် နေ၇ာရှိပါတယ်။


Terabyte (TB) 1,099,511,627,776 bytes
ဒါကတော့ သိပ်များသွားပြီ ပေနဲ.မ၇တော့ဘူး။ သူ.ကျတော့ မိုင်ပေါင်း ၅၁ မိုင်စာမြင့်တဲ့ စာ၇ွက်ထပ်ကို ဆန်.ပါတယ်။

Petabyte (PB) 1,125,899,906,842,620 bytes
များများလာပြီ ဒီမာကျ မိုင်ပေါင်းကို ၅၂၀၀၀ အထိရှိလာပါတယ်။ ဒါက ကမ္ဘာနဲ.လ အကွာအဝေး၇ဲ. ၄ပုံ၁ပုံစာ အကွာအဝေးနဲ. ညီပါတယ်။

Exabyte (EB) 1,152,921,504,606,846,976 bytes
ဟော….. တွက်၇တာတောင် ညောင်းလာပြီတဲ့။ သူက မိုင်ပေါင်းကို ၅၂သန်းအထိမြင့်သွားပြီ။ သူ.ကျတော့ ကမ္ဘာနဲ. သောကြာဂြိုလ်အကွာအဝေး၇ဲ. ၂ဆ လောက်ကိုရှိတယ်ဆိုတော့ သောကြာဂြိုလ်ကို အသွားအပြန်လုပ်လို.၇တာပေါ့နော်။

Zettabyte (ZB) 1,180,591,620,717,411,303,424 bytes
ကဲ….နောက်ဆုံးလေးကတော့ မိုင်ပေါင်း ၅၂ ဘီလီယံစာရှိတယ်ဆိုပဲ။ သူ.ကိုလဲ ဥပမာပေး၇၇င် ကမ္ဘာနဲ. အဝေးဆုံးဖြစ်တဲ့ ပလူတိုဂြိုလ်ကိုတောင် အသွားအပြန် ၁၀ ကြိမ်စာ ရှိတယ်တဲ့ဗျာ။

Google ၇ဲ. Search engine ဟာ ပျမ်းမျှအားဖြင့် တစ်နာ၇ီမာ 1 petabyte ရှိတဲ့ data တွေကို process (လုပ်ဆောင်) ပါတယ်။ bits အနေနဲ.သာ တွက်ကြည်.၇င်တော့ ---- မနည်းဘူးပေါ့နော်။




How does a computer process bits and bytes
Bits , bytes တွေအကြောင်းပြောပြီးပြီဖြစ်လို. အခု ကွန်ပြူတာက ဒီbits တွေ bytes တွေကို ဘယ်လို process လုပ်သလဲဆိုတာ နည်းနည်းလေးကြည့်၇အောင်……………။
ကွန်ပြူတာဟာ data ကို information အဖြစ်ပြောင်းလဲဖို. လုပ်ဆောင်၇ာမှာ software နဲ. Hardware နှစ်မျိုးစလုံးကို သုံးပါတယ်။ဒီလို data တွေကို information အဖြစ်ပြောင်းခြင်းဟာ Microsoft word မာ စာရိုက်တာ၊ဂိမ်းကစားတာ စတဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်ဖို.အတွက်ပါပဲ။

” ကွန်ပြူတာ၇ဲ. Hardware ဆိုတာဟာ ကွန်ပြူတာ ပုံမှန်အလုပ်မလုပ်တဲ့အခါ မျိုးမာ ထုနှက် ကြိတ်ကန်လို. ၇တဲ့ ကွန်ပြူတာ၇ဲ. မည်သည့်အစိတ်အပိုင်းကိုမဆို ညွန်းတယ်” လို. ဟာသသဘောဟန်ဟန် အပြောရှိဘူးပါတယ်။
Hardware ၇ဲ. Definition ကို ဒိလို ဖွင့်ဆိုထားပါတယ်။
Quote:
“ any part of the computer you can physically touch.”
ရုပ်ပိုင်းအားဖြင့် ထိတွေ.ကိုင်တွယ်လို.၇တဲ့ ကွန်ပြူတာ၇ဲ.အစိတ်အပိုင်းမှန်သမျှဟာ hardware ဖြစ်ပါတယ်။

အပေါ်မှာ ပြောခဲ့သလို ကွန်ပြူတာဟာ hardware တစ်ခုတည်းနဲ. ဘာမှမလုပ်နိုင်ပါဘူး။ software နဲ. Hardware ပေါင်းမှ ကွန်ပြူတာက အလုပ်လုပ်လို.၇တာပါ။ဥပမာ - စကားလုံးမပါတဲ့ စာအုပ် ဒါမှမဟုတ် သီချင်းပါမလာတဲ့ သီချင်းစီဒီခွေလိုပေါ့။ စကားလုံးနဲ. သီချင်းတွေမရှိ၇င် ဒီစာအုပ်နဲ. စီဒီခွေတွေဟာ ဘာမှမပါတဲ့ အခွံလွတ်ကြီးတွေပါပဲ။ ကွန်ပြူတာ၇ဲ. Hardware တွေဖြစ်တဲ့ monitor, printer, keyboard စတာတွေဟာလည်း software ဆိုတာမရှိ၇င် အခွံလွတ်ကြီးတွေပါပဲ။

SOFTWARE
Software is the set of computer programs that enables the hardware to perform different tasks.
Software ဆိုတာဟာ ကွန်ပြူတာ hardware ကို လုပ်ဆောင်ချက်တွေ လုပ်နိုင်အောင် ပြုလုပ်ပေးတဲ့ ကွန်ပြူတာ ပရိုဂ၇မ်အစုအဝေးဖြစ်ပါတယ်။ software ကို ကဏ္လနှစ်မျိုးခွဲထားပါတယ်။ application software နဲ. System software ဖြစ်ပါတယ်။ကျွန်တော်တို. Software လို.ပြောလိုက်တဲ့အခါ အများစုစဉ်းစားမိတာက application software ဖြစ်ပါတယ်။

1. Application software

Application software is the set of programs you use on a computer to help you carry out tasks such as writing a research paper.
Application software ဆိုတာဟာ စာစီစာရိုက်ခြင်းလိုမျိုး လုပ်ဆောင်ချက်တွေကို လုပ်နိုင်အောင် ကူညိပေးတဲ့ ကွန်ပြူတာ ပရိုဂ၇မ်အစုအဝေးတွေဖြစ်ပါတယ်။

Program

ကျွန်တော်တို. အပေါ်မှာ သုံးခဲ့ပါတယ်..။program ဆိုတာပေါ့။ program ဆိုတာဟာ ညွန်ကြားချက် အစုအဝေးတွေဖြစ်ပါတယ်။အဲဒိညွန်ကြားချက်တွေက ကွန်ပြူတာကို လုပ်ဆောင်ချက်တွေကို လုပ်ခွင့်ပေးတာ ဖြစ်ပါတယ်။
စာစီစာရိုက် (typing in a document), စာ၇င်းဇယား (creating spreadsheet), ဓါတ်ပုံတည်းဖြတ်ခြင်း(editing digital photo) စတာတွေဟာ application software တွေကို အသုံးပြုခြင်းအားဖြင့် ဖြစ်လာတာပါ။

2.System software

System software is the set of programs that enables computer’s hardware devices and application software to work together.
System software ဆိုတာက ကွန်ပြူတာhardware ပစ္စည်းတွေ (keyboard, monitor, printer) နဲ. Application softwareတွေ(photoshop, excel, word)တွေ အတူတူလုပ်ဆောင်နိုင်ခွင့်ပေးတဲ့ ပရိုဂ၇မ် (ညွန်ကြားချက်အစုအဝေး) တွေ ဖြစ်ပါတယ်။
အတွေ.အများဆုံး system software ကတော့ operating system (OS) ဖြစ်ပါတယ်။
OS ဟာ ကွန်ပြူတာ လုပ်ဆောင်မှုတွေကို ထိန်းချုပ်ညွန်ကြားတဲ့ program ဖြစ်ပါတယ်။
OS ဟာ ကွန်ပြူတာ hardware ကို စီမံကိုင်တွယ်ပါတယ်။ ဥပမာ -monitor, printer.
ဒါအပြင် OS ဟာ ကွန်ပြူတာနဲ. အသုံးပြုသူအကြား ဆက်သွယ်၇ာမှာ ကူညီပံ့ပိုးပေးပါတယ်......။




Are all computers the same?
ကျွန်တော်တို. ကွန်ပြူတာလို. ပြောတဲ့စက်ကိ၇ိယာအမျိုးအစား ဘယ်နှစ်မျိုးရှိပါသလဲ။
ကွန်ပြူတာဆိုတာ hardware and software ပေါင်းစပ်ထားတာဆိုတာကို အပေါ်မှာ ပြောခဲ့ပြီးသားပါ။ ကွန်ပြူတာကို တည်ဆောက်ပုံ (ဒီဇိုင်း)ဖြင့် အမျိုးအစား ခွဲမယ်ဆို၇င် ၂ မျိုး ခွဲနိုင်ပါတယ်၊ portable and stationary တို. ဖြစ်ပါတယ်။

Portable computers (အလွယ်တကူသယ်ယူလို.၇သော)

1. Notebook computer (or laptop)
Notebook computer သို.မဟုတ် laptop computer (lap ဆိုတာ ပေါင်၊top ဆိုတာ အပေါ်မာ ၊laptop = ပေါင်ပေါ်တွင် ၊ဒါကြောင့် laptop computer ဆိုတာ ပေါင်ပေါ်မှာ ထားသော ကွန်ပြူတာ) ၊သူ.မာ ဘက်ထ၇ီအပြင် လျှပ်စစ်မီးအားဖြင့် အားသွင်းဖို. ကြိုးလဲ ပါတတ်ပါတယ်။laptop ကွန်ပြူတာမာ keyboard, monitor, mouse စတာတွေအားလုံးကို အကုန်ပေါင်းစပ်ထည့်သွင်းထားပါတယ်။

2.Netbook
Netbook ကတော့ notebook အသေးစားဖြစ်ပါတယ်။သူက notebook ထက်ပိုသေး ပိုပေါ့ပြီး ဘက်ထ၇ီသက်တမ်းကလဲ notebook ထက်ပိုမိုကြာရှည်ခံပါတယ်။သူ.၇ဲ.အရွယ်အစားက 7 ကနေ 10 လက်မ၀န်းကျင်ဖြစ်ပါတယ်။
(မှတ်ချက်- ၂၀၀၉ ခုနှစ်လောက်တုန်းက netbook ဟာ တော်တော်လေးအပြောများခဲ့ပြီး 2010 အကျော်ပိုင်းမှာတော့ မတွေ.၇တော့သလောက် ဖြစ်နေပါပြီ)

3.Tablet PC
Tablet ဆိုတာကတော့ notebook နဲ. ဆင်တူဖြစ်ပေမယ့် သူ.မာ touch sensitive screen (အထိအတွေ.ကို ခံစားနားလည်နိုင်တဲ့ စက၇င် ) ပါပါတယ်။Tablet မာ data တွေ ထည့်သွင်းတာ commands တွေပေးတာတို.ကို stylus လို.ခေါ်တဲ့ ဘောပင်တမျိုး (သို.) fingers (လက်ချောင်း) တွေကို အသုံးပြုပါတယ်။
ဥပမာ - ipad

Stationary Computers (ပုံသေတည်နေ၇ာမှာပဲရှိတဲ့ ရွေ.ပြောင်း၇န်ခက်တဲ့ ကွန်ပြူတာ)

1.Desktop Computer
Desktop computer မာက monitor သပ်သပ်၊ keyboard က သပ်သပ်၊ printer က သပ်သပ်၊ system unit က သပ်သပ် စသည်ဖြင့် ခွဲခြားတည်ရှိပါတယ်။

2.All in one Computer
သူ.ကျတော့ desktop computer နဲ. ဘာကွာသလဲဆိုတော့ သူ.မှာက processor, memory တို.နဲ.အတူ monitor ကြီးဟာ တနေ၇ာတည်း (တခုတည်း)ဖြစ်တာပါပဲ။
ဥပမာ = Apple iMac, Dell studio One

အပေါ်မှာ ကျွန်တော်တို. ဆွေးနွေးခဲ့တဲ့ ကွန်ပြူတာတွေအားလုံးကို Personal Computer (PC) စာ၇င်းထဲမာ ထည့်လို.၇ပါတယ်။ ဒါဖြင့် တခြားကွန်ပြူတာအမျိုးအစား ရှိသေးသလား။
Desktop နဲ. Notebook(laptop) ကွန်ပြူတာတွေကို အတွေ.အများဆုံးဖြစ်ပေမယ့် ကျွန်တော်တို. တွေ.လေ့တွေ.ထမရှိပေမယ့် အေ၇းကြီးပြီး လိုအပ်တဲ့ တခြားကွန်ပြူတာ အမျိုးအစားများလဲ ရှိပါသေးတယ်။ အဲဒါတွေကတော့…………………….

1. Mainframe Computer
Mainframe computer ဟာ အရွယ်အစားအားဖြင့် ကြီးလဲကြီးသလို ဈေးကြီးလဲ တော်တော်လေးကို ကြီးပါတယ်။ သူ.၇ဲ. အဓိကစွမ်းဆောင်ချက်ကတော့ အသုံးပြုသူ (users) ၇ာပေါင်းများစွာကို တပြိုင်နက်တည်း အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးနိုင်ခြင်း ပဲဖြစ်ပါတယ်။ဆိုလိုတာက သူ.မာ ကွန်ပြူတာပေါင်းများစွာ ရှိတယ်ပေါ့။

2. Supercomputer
Supercomputer ကတော့ အထူးတီထွင်ပြုလုပ်ထားတဲ့ ကွန်ပြူတာဖြစ်ပြီး သူဟာ ရှုပ်ထွေးများပြားလှတဲ့ တွက်ချက်မှုများကို အလွန်မြန်ဆန်သောနှုန်းနဲ. တွက်ချက်နိုင်ပါတယ်။ သူ.ကို သချာင်္ဂဏန်းဆိုင်၇ာ တွက်ချက်မှုတွေမာ အသုံးပြုပါတယ်။
ဥပမာ - ရာသီဥတု ပြောပြတဲ့ weather forecasting (မိုးလေ၀သခန်.မှန်းခြင်း) တွေမာ အသုံးပြုပါတယ်။

Mainframe နဲ. Supercomputer တို.၇ဲ. အဓိကခြားနားချက်ကတော့ supercomputer တွေဟာ တွက်ချက်မှုတွေကို အမြန်ဆုံးနှုန်းဖြင့် တွက်ချက်နိုင်ခြင်းပဲဖြစ်ပြီး၊ mainframe computer တွေကတော့ ပိုမိုနှေးကွေးသောနှုန်းဖြင့် ပိုမိုများပြားတဲ့ တွက်ချက်မှုတွေကို လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါတယ်။



3. Embedded Computer
Embedded computer ကလဲ အထူးတီထွင်ပြုလုပ်ထားတဲ့ ကွန်ပြူတာဖြစ်ပြီး သူကတော့ တခြားစက်ပစ္စည်းတွေ၇ဲ.အထဲမာ ထည့်သွင်းထားခြင်းကို ခံ၇ပါတယ်။ သူ.ကျတော့ အသုံးပြုသူနဲ. တိုက်ရိုက်ထိတွေ.ခြင်းမရှိတတ်ပါဘူး။
ဥပမာ = ကားထဲက မိုင်နှုန်းတွက်ချက်တာတွေကိုလုပ်ပေးတဲ့ ကွန်ပြူတာမျိုး

ဒီစာကို ဖတ်ပြီးချိန်မာတော့ ကွန်ပြူတာကို အကြမ်းအားဖြင့် (နာမည်အခေါ်အဝေါ်ဖြင့်) ခွဲခြား၊သိရှိနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။
အသေးစိတ် ပိုမိုသိရှိ လေ့လာလိုသူများ google search , wikipedia စသည်တို.တွင် အထက်က ကွန်ပြူတာအမည်နာမများကို ရိုက်သွင်းရှာဖွေနိုင်ပါတယ်။


Computer = hardware + software

HARDWARE
ကွန်ပြူတာ၇ဲ. Hardware ပိုင်းဆိုင်၇ာ လေ့လာကြည့်ခြင်း
hardware ကို အကြမ်းအားဖြင့် လေးမျိုးခွဲခြားနိုင်ပါတယ်။

Hardware = input devices + output devices + storage devices + processing devices

1. Input Devices
Input devices တွေ၇ဲ. အဓိက လုပ်ဆောင်ချက်ကတော့ အသုံးပြု (သင့်)ကို data (text, images, sounds) သတင်းအချက်အလက် တွေနဲ. Instructions (user responses and commands) ညွန်ကြားချက်များ ၊ခိုင်းစေလုပ်ဆောင်ချက်တွေကို ကွန်ပြူတာထဲ ထည့်သွင်းလို.၇အောင် လုပ်ဆောင်ပေးခြင်းပဲ ဖြစ်ပါတယ်။
အပြောများဆုံး အဓိကကျဆုံး အသုံးအများဆုံး input devices ကတော့ keyboard နဲ. Mouse ပဲ ဖြစ်ပါတယ်။
Keyboard ကို data နဲ. Commands တွေကို ထည့်သွင်း(ရိုက်သွင်း) ၇ာမှာ သုံးပြီး
Mouse ကို responses and commands တွေကို ထည့်သွင်း(ပြောပြ)၇ာမှာ သုံးပါတယ်။
Microphone, scanner, digital camera တို.ဟာလဲ input device များပဲဖြစ်ပါတယ်။
Stylus ကလဲ မင်၇ည်မပါတဲ့ ဘောပင်ပုံစံရှိတဲ့ ပေါ့ပါးတဲ့ input device တမျိုးဖြစ်ပါတယ်၊
သူ.၇ဲ.အသုံးကတော့ mouse နဲ. အတူတူဖြစ်ပြီး screen ပေါ်မှာ tapping သို.မဟုတ် drawing လုပ်ခြင်းအားဖြင့် commands တွေပေးနိုင်ပါတယ်။
Electronic pen ဆိုတဲ့ ဘောပင်လိုမျိုးလဲ ရှိပါသေးတယ်။တော်တော်လေးလည်း အပြောများလာပါတယ်။သူ.ကို tablet တွေမှာ အသုံးများပြီး အသုံးပြုသူက electronic pen ကို အသုံးပြုပြီး သာမန်စာေ၇းသလိုေ၇းသား၊ေ၇းဆွဲခြင်းတွေကို digital (typed letters ) ပုံစံနဲ. ပြောင်းပေးနိုင်တာမို. လူသိများလာခြင်းဖြစ်ပါတယ်။

KEYBOARDS
ကီးဘုတ်တွေအကုန်လုံးဟာ အတူတူပဲလား…….
Desktop နဲ. Notebook (laptop) အများစုဟာ QWERTY keyboard လက်ကွက်ကို အသုံးပြုတတ်ကြပါတယ်။ဒီကီးဘုတ်လက်ကွက်ပုံစံဟာ အမြဲတမ်းသုံးတဲ့ အင်္ဂလိပ်လက်ကွက်ပုံစံ ဖြစ်နေပါပြီ။QWERTY ဆိုတဲ့အမည်ကို ၇တာကတော့ လက်ကွက်ကိုကြည့်၇င် သိကြမာပါ။ လက်ကွက်၇ဲ.ဘယ်ဘက်အပေါ်ထောင့်က အက္ခ၇ာ၆လုံးကို ကိုယ်စားပြုတာပါ။နှစ်ပေါင်းများစွာ ဘယ်ကီးဘုတ်လက်ကွက်ပုံစံဟာ အကောင်းဆုံးလဲဆိုတာကို ဆွေးနွေးငြင်းဆိုကြပါတယ်။
Qwerty ကီးဘုတ်လက်ကွက်ပုံစံဟာ typewriters အတွက် ညွန်းခဲ့တာဖြစ်ပြီး အမြန်ရိုက်နှိပ်ဖို.အတွက် မဟုတ်ပဲ ပုံမှန်လေးသာရိုက်ပြီး ကီးဘုတ်ပေါ်ကအက္ခ၇ာလေးတွေ jam(block)ခြင်းကနေ ကာကွယ်ဖို.ပဲ ဖြစ်ပါတယ်။သူ.၇ဲ. နှေးကွေးတဲ့ typing speed ကြောင့် qwerty ကီးဘုတ်ကို အကောင်းဆုံးလက်ကွက်လို. မသတ်မှတ်ပေမယ့် တခြားပိုအဆင်ပြေမယ့် ကီးဘုတ်လက်ကွက်တွေ (ဥပမာ Dvorak keyboard) ဟာ လူတွေ၇ဲ.စိတ်ဝင်စားမှုကို qwerty လောက် မ၇ရှိလို. Qwerty ဟာ လူသိအများဆုံး အသုံးများဆုံး ဖြစ်ပါတယ်။Dvorak က အသုံးများတဲ့ အက္ခ၇ာတွေကို home keys လို.ခေါ်တဲ့ keyboard ၇ဲ. Middle row (လက်ထားတာ အလယ်တန်း) မာ ထားလို. Dvorak ကိုသုံး၇င် လက်ချောင်းတွေဟာ အဝေးကြီးသွားစ၇ာမလိုတဲ့ အတွက် စာရိုက်၇တာ ပိုမိုမြန်ဆန်စေပါတယ်။



KEYBOARDS
ကွန်ပြူတာလက်ကွက်

Notebook (laptop) တွေ၇ဲ. ကီးဘုတ်ကေ၇ာ ဘယ်လိုကွာခြားသလဲ။
ပိုမိုသေးငယ်တဲ့အရွယ်အစားကြောင့် လက်တော့တွေ၇ဲ. (၁၄လက်မအောက်) Keyboard ဟာ desktop တွေထက် ပိုငယ်တဲ့အတွက် အချို.သောလက်ကွက်များကို ဖြုတ်ထားခဲ့၇ပါတယ်။ပုံမှန်ကီးဘုတ်၇ဲ. ညာဘက်မာ ရှိတဲ့ numeric keypad (သချာင်္ဂဏန်းလက်ကွက်) တွေကိုဖြုတ်ထားခဲ့တာ တွေ.၇မာပါ။ဒီဖြုတ်ထားတဲ့ numeric keypad ကို အသုံးပြုနိုင်ဖို.အတွက် ညာဘက်ခြမ်းက အက္ခ၇ာတချို.တွေကို Function Key(Fn) နဲ. အတူတူတွဲနိပ်ပြီး number တွေကို ရိုက်နှိပ်လို.၇အောင် လုပ်ထားတတ်တာများပါတယ်။



တိုးတက်လာတဲ့ နည်းပညာနဲ.အတူ ပိုပိုပြီး သေးငယ်လာတဲ့ လက်တော့တွေကြောင့် keyboard ဟာ သုံး၇အလွန်ခက်တတ်ပါတယ်။ကိုယ့်လက်တော့မှာ ပုံမှန်အရွယ်အစားကီးဘုတ်ကို အသုံးပြုချင်တယ်ဆို၇င်တော့ အစားထိုးလက်ကွက်တွေကို ၀ယ်ယူပြီး အသုံးပြုနိုင်ပါတယ်။

နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ Live Free or Die Hard (Die Hard 04) ထဲက Justin long အသုံးပြုတဲ့ ဖျာလိုလိပ်ပြီး သိမ်းထားလို.၇တဲ့ လက်ကွက်မျိုးဆို USB အပေါက်ကနေ ဆက်ပေးရုံပါပဲ။
Virtual Laser Keyboard လို.ခေါ်တဲ့ Bluetooth နည်းပညာသုံးပြီး ဘယ်မျက်နှာစာပေါ်မာမဆို ပုံမှန်အရွယ် လက်ကွက်ကို မီးမောင်းထိုးပြီး သုံးလို.၇တာမျိုးလဲရှီပါတယ်။


Game ဆော့တဲ့သူတွေအတွက် သီးသန်.ထုတ်ထားတဲ့ လက်ကွက်မျိုးလဲ ၀ယ်နိုင်ပါတယ်။


       @ Function Keys (F Keys) လို.ခေါ်တဲ့ F1,F2,F3…..တွေဟာ အသုံးပြုတဲ့ software အပေါ်မူတည်ပြီး လုပ်ဆောင်ချက်များကွဲပြားနိုင်ပါတယ်။
@Windows ကွန်ပြူတာတွေမာတွေ.၇တဲ့ windows key ကို ရိုက်နှိပ်မယ်ဆို၇င် start menu ကို ဖွင့်ပေးမာဖြစ်ပါတယ်။တခြားလက်ကွက်တွေနဲ. ပေါင်းနှိပ်မယ်ဆို၇င်တော့ တခြားလုပ်ဆောင်ချက်တွေကို shortcut အနေနဲ. လုပ်ဆောင်ပေးနိုင်ပါတယ်။
ဥပမာ ။ windows key နဲ. M key ကို အတူတူတွဲနှိပ်၇င် ဖွင့်ထားတဲ့ windows တွေအကုန် minimize လုပ်ပေးမာပါ။L key နဲ. အတူတူနိပ်ပေး၇င်တော့ ကွန်ပြူတာကို lock ပေးမာဖြစ်ပါတယ်။
@pgup , pgdn , arrow keys ,ctrl, shift စတာတွေကိုလဲ စမ်းပြီးသုံးပေးကြည့်နိုင်ပါတယ်။ လုပ်ဆောင်ချက်တွေဟာ တခုနဲ.တခုမတူပါဘူး။



Mouse and Pointing Devices

Mouse ဆိုတဲ့နေရာမှာ အမျိုးအစားကို ၂မျိုးခွဲနိုင်ပါတယ်။ခုနောက်ပိုင်းအသုံးများတာကတော့ optical mouse လို.ခေါ်တဲ့ အထဲမှာ laser နည်းပညာအသုံးပြုထားတဲ့ mouse အမျိုးအစားပဲဖြစ်ပါတယ်။သူ.ကို အသုံးများရတဲ့အကြောင်းရင်းတချက်ကတော့ အမှိုက်တွေ ဖုန်တွေဝင်ဖို. အခွင့်အရေးပိုနည်းသလို ၊ ရွေ.လျား မောင်းနှင်ရတာကလဲ ပိုပြီး မြန်ဆန်လွယ်ကူတိကျလို.ပဲ ဖြစ်ပါတယ်။
ခုနောက်ပိုင်းအသုံးမများလို. သိပ်မတွေ.ရတော့တဲ့ mouse တမျိုးကတော့ trackball mouse လို.ခေါ်တဲ့ အမျိုးအစားပဲဖြစ်ပါတယ်။ သူ.မှာတော့ ပေသီးအရွယ်အလုံးလေးတလုံးအပိုပါလာပါတယ်။မြင်တွေ.ရဖို.ကိုက တော်တော်လေးခက်ခဲလာလောက်အောင်ကို ဟိုင်းသွားပါပြီ။


Laptop တွေကျတော့ mouse ကို အသုံးမများပဲ touchpad လို.ခေါ်တဲ့ laptop ပေါ်မှာ တခါထဲထည့်ပေးထားတဲ့ ထိတွေ.ကိုင်တွယ်လို.ရတဲ့ နေရာလေးတခုကို လုပ်ပေးထားပါတယ်။အဲ့ဒီ touch pad ပေါ်မာ လက်ချောင်းလေးတွေကို ရွေ.လျားပြီး အသာဖိနှိပ်ပေးခြင်းအားဖြင့် mouse လိုပဲ အသုံးပြုနိုင်ပါတယ်။

keyboard လိုပါပဲ တိုးတက်လာတဲ့ နည်းပညာများကြောင့် mouse မာလဲ wireless နည်းပညာနဲ. ကြိုးမဲ့mouse လေးတွေ အသုံးများလာပါတယ်။Apple ကတော့ magic mouse လို.ခေါ်တဲ့ လှပဆန်းသစ်တဲ့ wireless mouse ကို ထုတ်ပါတယ်။style လေးကလဲ လှလှပပလေးနဲ. တော်တော်လေးမျက်စိကို စွဲပါတယ်။


@ mouse ကို ခုနောက်ပိုင်း website ပေါ်က သေးငယ်ပြီး သာမန်မျက်စိနဲ.မြင်ဖိုခက်တဲ့ စာတွေပုံတွေကို အကြီးချဲ.ပြီး ကြည့်နိုင်အောင် လုပ်ပေးထားတာတွေလဲ တွေ.ရမာပါ။
@ Input devices အောက်မှာ game ဆော့တဲ့ joysticks, game pads, နဲ. Steering wheels တို.ကိုလဲ တွေ.ရမာပါ။



Touch Screens

ခုခေတ်မှာတော့ touch screens ဆိုတာ မဆန်းတော့ပါဘူး။သာမန်လက် (သို.) stylus ကို အသုံးပြုတဲ့ နည်းပညာပဲဖြစ်ပါတယ်။ ကွန်ပြူတာ မျက်နှာပြင်ကို လက်နဲ.ထိတွေ.ပြီး အသုံးပြုတဲ့နည်းပညာဖြစ်ပါတယ်။
Mobile phones, tablets တွေပေါ်သာမက laptops, နဲ. Desktops ပေါ်တွေမှာပါ အသုံးပြုလာကြတာတွေ.နိုင်ပါတယ်။ခုခေတ်မာတော့ stylus တောင် အသုံးမများတော့ပါဘူး။samsung galaxy note ဖုန်းတွေမှာတော့ သူ.stylus pen လေးနဲ.သူ ပါလာပါတယ်။




Image Input
၂၁ ရာစု နည်းပညာမှာတော့ ဟိုးအရင်ကို ဓါတ်ပုံကို ကင်မ၇ာနဲ.ရိုက်ပြီး ဓါတ်ပုံဆေးတဲ့ အမှောင်ခန်းထဲသွားဆေးပြိးမှ ဓါတ်ပုံလေးနဲ.ပဲ သိမ်းထားတာမျိုး မဟုတ်တော့ပါဘူး။ ခုခေတ်မှာတော့ ဓါတ်ပုံတွေကို ကွန်ပြူတာပေါ်မှာတင် တိုက်ရိုက်သိမ်းထားလို.ရပါတယ်။ ကင်မရာ၊ ဗွီဒီယိုရိုက်တဲ့ camcorder နဲ. ဖုန်းတွေနဲ. ရိုက်ထားတဲ့ ပုံတွေကို usb cable တွေနဲ. ဆက်သွယ်ခြင်းအားဖြင့် ကွန်ပြူတာပေါ်မှာ တိုက်ရိုက် ကူးယူ သိမ်းဆည်းထားနိုင်ပါတယ်။

Video input
Webcam လို.ခေါ်တဲ့ ကွန်ပြူတာပေါ်မှာ တပါတည်းပါလာတတ်တဲ့ camera ကို အသုံးပြုခြင်းအားဖြင့် ဗွီဒီယိုတွေကိုလည်း အင်တာနက်ပေါ်မှာ တိုက်ရိုက် တွေ.မြင်ရိုက်ကူးနိုင်ပါတယ်။

Sound Input
ကိုယ့်အသံကို ဘယ်အကြောင်းကြောင့်များ ကွန်ပြူတာပေါ်မှာ ကြားလို.ရအောင် လုပ်ချင်မှာလဲ လို. မေးစရာဖြစ်နိုင်ပါတယ်။ခုခေတ်မှာတော့ vzo တို. Skype တို.ကို အသုံးပြုပြီး အသံနဲ.ရုပ်နဲ.ပါ မြင်လို.ရနေပါပြီ။
ဒီအတွက် microphone (မိုက်) ကို ထည့်သုံးပေးရပါတယ်။headset တွေကို game ဆော့ရာမှာလဲ အသုံးများသလို ၊ရုပ်ရှင်တွေကို ကြည့်ရာမှာလဲ အသုံးပြုကြပါတယ်။


@ Large keyboard လို.ခေါ်တဲ့ keyboard ပေါ်က ခလုတ်များကို သာမန်ထက် ကြီးအောင် လုပ်ပေးထားတဲ့ keyboard များကိုလဲ တွေ.ရမာပါ။သာမန်ကီးဘုတ်ကို အသုံးပြုဖို.အခက်အခဲရှိသူများအတွက် လုပ်ပေးထားတာလေးပါ။











Ref:  http://www.myanmarfamily.org/forum/showthread.php?t=25390


No comments:

Post a Comment