2.1.17

ရှရုားပင်လယ်ပြင်တွင် ကြောက်စရာ ပင်လယ်နေသတ္တ၀ါများတွေ့ရှိ








ရိုမန်ဖီဒေါ့ဆော့ဗ် ဆိုသူရှရုားအမျိုးသားတစ်ယောက်ဟာ ပင်လယ်ပြင် ငါးဖမ်းသဘောင်္မှာ  ငါးဖမ်းစဉ်ကြောက်လန့်စရာ ပင်လယ်ပြင်သတ္တ၀ါတွေကို ဖမ်းမိခဲ့ပါတယ်။ရိုမန်ဟာ မာမန်စ်ဆိပ်ကမ်းမှာ လုပ်ကိုင်နေသူဖြစ်ပြီး သူဖမ်းမိခဲ့တဲ့ပင်လယ်သတ္တ၀ါတွေဟာ ဂြိုဟ်သားရုပ်ရှင်ထဲက အကောင်တွေနဲ့တောင် ဆင်တူနေတာဖြစ်ပါတယ်။ရိုမန်ဟာ ဒီကျောချမ်းစရာ ထူးထူးဆန်းဆန်း ပင်လယ်သတ္တ၀ါတွေကို Instagram နဲ့ Twitter မှာမျှဝေခဲ့တာဖြစ်ပါတယ်။တစ်ချို့ဓာတ်ပုံတွေမှာကျတော့ သူကိုယ်တိုင်တောင် ဘာအကောင်အမျိုးအစားမှန်းမခွဲတတ်လို့ ဘာအကောင်အမျိုးအစားမှန်းမရေးထားတဲ့ပုံတွေပါ ပါဝင်လာပါတယ်။တံငါသည်အလုပ်နဲ့ အသက်မွေးနေတဲ့  ရိုမန်ကိုယ်တိုင်တောင် မသိတဲ့ပင်လယ်သတ္တ၀ါထဲမှာ အ၀ါရောင် ပင်လယ်ပင့်ကူ တစ်ကောင်လည်း ပါလာပါသေးတယ်။ဒီဓာတ်ပုံပေါ်မှာ ထူးထူးခြားခြားတွေ့ရတဲ့ ပင်လယ်သတ္တ၀ါတွေဟာ ဒီတစ်ခေါက်က ပထမဆုံးမဟုတ်ပါဘူး။ပြီးခဲ့တဲ့ တလောအတွင်းကလည်း မိန်းကလေးတစ်ယောက် ဖလော်ရီဒါက ကန်တစ်ကန်မှာ မိန်းကလေးတစ်ယောက်ဟာ သူ့ကိုယ်သူဗီဒီယို ရိုက်နေရင်း ရေနွားပုံစံအကောင်တစ်ကောင်က သူမဆီကိုလာနေလို့ သွေးရူးသွေးတမ်းကမ်းပေါ်တက်ပြေးခဲ့ရတဲ့ ဗီဒီယို တစ်ခုလည်းရှိပါသေးတယ်။ပင်လယ်ပြင်မှာ မှာကျွန်တော်တို့မသိနိုင်သေးတဲ့ ထူးထူးဆန်းဆန်းသတ္တ၀ါတွေနေထိုင်ကြတယ်ဆိုတာ အမှန်ပါပဲ။

No comments:

Post a Comment