9.1.17

ဒိန်ချဉ်လုပ်နည်း ၄ မျိုး




1. နွားနို့ကိုအတန်ငယ်ပျစ်အောင်ကျို၍အအေးခံထားပြီး၊ အဝကျယ်မြေအိုး သန့်သန့် တစ်လုံး ထဲထည့်၍ တဆေး (yeast) အနည်းငယ်ထညြ့်ပီးတဲ့အခါမှာတော့၊ ၁၂ နာရီမှ ၂၄ နာရီအတွင်း ဒိန်ချဉ်အဖြစ် စားသုံးနိုင်ပါပြီ။

2. ဒိန်ချဉ်နှစ်ဇွန်းခန့်ကို မြေအိုးထဲထည့်ပြီး၊ ကျိုချက်အအေးခံထားတဲ့ နွားနို့ကိုလောင်းထည့်ပေးရုံပါဘဲ။ နံက် ပိုင်းပြုလုပ်ရင် ညနေ ပိုင်းမှာ ဒိန်ချဉ်ဖြစ်သွားပါပြီ။

3. ဈေးကွက်မှာရောင်းချနေသော ဒိန်ချဉ်ဖောက်သည့်လျှပ်စစ်အိုးကို ဝယ်ယူ၍ ၎င်းအိုးထဲတွင် ကျိုချက်အအေးခံထားသော နွားနို့ကိုထည့်ပြီး၊ မီးခလုတ်ဖွင့်ကာ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ဖြင့် ၁၂နာရီခန့်ကြာအောင် ဒိန်ချဉ် လုပ်ပေးနိုင်ပါတယ်။

4. နွားနို့ဆူဆူကို ဒိန်ချဉ်လုပ်မယ့် မြေအိုး (သို့ မဟုတ်) ခွက်လေးထဲ လောင်းထည့်ပြီး အအေးခံထားပါ။ ခပ်နွေးနွေး အနေ အထားတွင် အဲ့ဒီနို့ထဲကို သံပုရာရည်နှစ်စက်လောက်ထည့်ပေးလိုက်ပါက၊ ၆ နာရီအကြာမှာ ဒိန်ချဉ်ရပါပြီ။ ဒိန်ချဉ်ကို ဆားနဲနဲခတ်ကာ၊ မိမိနှစ်သက်သလို ထန်းလျက်ရည်၊ သကြား၊ ပျားရည်တို့ ဖြင့်စားနိုင်ပါတယ်။

မလိုင်ထူထူနဲ့  ဒိန်ချဉ်စားချင်ရင် ဥပမာ နွားနို့ တစ်လီတာကို မီးအားပြင်းပြင်း နဲ့ ပွက်ပွက်ဆူအောင်ကျိုပြီး ၊ နောက်ထပ် နွားနို့အစိမ်းတစ်လီတာကို ထပ်ဖြည့်ကာ ပွက်ပွက်ဆူ အောင် ထပ်ကျိုပေးပြီးမှ ဒိန်ချဉ်လုပ်ရပါတယ်။

ဒိန်ချဉ်လုပ်တဲ့အခါ အထူးသန့် ရှင်းမှသာ အရသာပြည့်မှီတဲ့ ဒိန်ချဉ်ကိုရမှာမို့  ၊ ဒိန်ချဉ် တည်မယ့် အိုး ၊ အ၀ကျယ်ပုလင်း ၊ ဖန်ပန်းကန်စတာတွေကို သန့်စင်အောင်ရေနွေးနဲ့ပြုတ်ပြီးဆေးပေးရပါမယ် ။ စားမကုန်တဲ့ ဒိန်ချဉ်ကို အဖုံးလုံအောင်ထားပြီး ၊ ရေခဲ သေတ္တာထဲ ၃-ရက် လောက်သိမ်းထားလို့ ရပါတယ် ။ ၃-ရက်ထက်ကျော်ရင်တော့ စားလို့  ရသေးပေမယ့်၊ ကျန်းမာရေး အာနိသင် တော့ ပျက်ပြယ် သလောက် ရှိသွားပါပြီ။

No comments:

Post a Comment