17.11.16
ယာထွန်နည်း
တစ်ခါက အဘိုးအို တစ်ယောက်ဟာ ခြံထဲမှာ အာလူး စိုက်ဖို့ကြံသတဲ့။ ဒါပေမယ့် အိုမင်းမစွမ်း ဖြစ်နေတဲ့ အဘိုးအို ဟာ အလူးစိုက်ဖို့ အတွက် မြေတွေကို တူးဆွပစ်ဖို့ အားမရှိ ဘူး။ အားကိုးစရာ သားကလည်း ထောင်ထဲ ရောက်နေတော့ ဘာလုပ်ရမှန်းမသိဘူး။
"သားရေ... ဒီနှစ်တော့ အဖေ အာလူးစိုက်မယ် ဆိုပြီး စဉ်းစားခဲ့ပေမယ့်လို့ အဖေ့ အသက်အရွယ်နဲ့ မြေတူးဖို့ ဆွဖို့ ဆိုတာ မဖြစ်ပါဘူးကွာ။ ငါ့သားသာ ခုချိန် ဘေးနားရှိနေခဲ့ရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။" ဆိုပြီးတော့ သားဖြစ်သူ ဆီကို စာလေးရေးပြီး ညည်းရှာတယ်။
ဒီတော့ သားဖြစ်သူဟာ ချက်ချင်း စာ တစ်စောင်ပြန်ရေး လိုက်တယ်။ "အဖေ! လုံးဝခြံထဲမှာ မြေမဆွမိ ပါစေနဲ့! ကျုပ် လက်နက်တွေ မြုပ်ခဲ့တာဗျ!"
နောက်တစ်နေ့ကျတော့ ရဲတွေ အဘိုးအို ခြံထဲဝင်ပြီး မြေတွေ ကို ပွထနေအောင် တူးပြီး လက်နက်ဖော် ကြတယ်။ ဒါပေမယ့် တစ်ခြံလုံးသာ တူးလို့ ပြီးသွားတယ်။ ဘာလက်နက်တစ်ခုမှ ထွက်မလာခဲ့ဘူး။
အဲဒီနေ့ ညကျတော့ သားဖြစ်သူဆီက စာတစ်စောင် လာတယ်။
"ကျုပ် တတ်နိုင်တဲ့ဘက်က အကောင်းဆုံး စီစဉ်ပေးလိုက်ပါပြီ အဖေ..။ အဖေ အာလူး စိုက်လို့ ရပါပြီ။"
---
အမျိုးအစား>>>
ဗဟုသုတ,
သူတို့အတွေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment